Xiaomi Mi Note 10

Price : 749,000 Ks_6GB/128GB)

အားသာချက်

ကောင်းမွန်တဲ့ ဓာတ်ပုံအရည်အသွေး၊ ကျေနပ်စရာ မြင်ကွင်းကျယ် ကင်မရာစနစ်၊ သေသပ်တဲ့ ကင်မရာဒီဇိုင်း၊ ဘက်ထရီနဲ့အချိန်ကြာကြာ အသုံးပြုနိုင်မှု၊ မြန်ဆန်တဲ့ ဘက်ထရီအားသွင်းနည်းပညာနဲ့ IR Blaster စနစ်တွေ ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ပုံမှန်မြင်နေကျ ဖုန်းဒီဇိုင်း၊ ဆော့ဖ်ဝဲပိုင်းက update သိပ်မဖြစ်တာနဲ့ Optical zoom ပိုင်းက အထင်နဲ့အမြင် ကွဲလွဲစေတာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

စွမ်းဆောင်ရည်

• Qualcomm Snapdragon 730G • Adreno 618 GPU
• 6GB RAM • 128GB of UFS 2.1 storage

ဒီဖုန်းမှာ flagship Qualcomm processor ကို အသုံးမပြုထားပေမယ့် သူ့မှာသုံးထားတဲ့ Qualcomm Snapdragon 730G က Snapdragon 730 ထက် စွမ်းဆောင်ရည်နဲ့ ဂရပ်ဖစ်ပိုင်းက ၁၅ ရာခိုင်နှုန်း ပိုကောင်းပါတယ်။ နေ့စဉ် အသုံးပြုမှုမျိုးစုံအတွက် 6GB RAM နဲ့ 128GB သိုလှောင်နိုင်မှုက ချောမွေ့ကောင်းမွန်စွာနဲ့ လုပ်ဆောင်နိုင်စေမှာဖြစ်ပြီး 3DMark စမ်းသပ်မှုရဲ့ OpenGL နဲ့ Vulkan တို့မှာ Mi Note 10 က ၂၃၈၄ နဲ့ ၂၂၄၀ အသီးသီး ရရှိခဲ့ပါတယ်။ ဒီစမ်းသပ်မှုမျိုးမှာ Mi 9T က ၂၁၉၇ နဲ့ ၂၀၆၄ သာရရှိခဲ့တာ ဖြစ်ပြီး Mi Note 10 က ရလဒ်ပိုင်းမှာ Mi 9T ထက် ပိုကောင်းတယ်လို့ ဆိုရမှာပါ။ Android 9 pie အခြေခံထားတဲ့ MIUI 11.0.3 ကို ထည့်သွင်းထားပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

• Teardrop selfie camera • Curved edges
• 108MP Penta-camera system • Stereo speakers
• 6.47-inch AMOLED display • 2,340 x 1,080 Full HD+ resolution
• 19.5:9 aspect ratio • HDR10 / HDR+ certified
• Optical in-display fingerprint sensor • 208g

Mi Note 10 ရဲ့ အလူမီနီယံကိုယ်ထည်ဒီဇိုင်းအပြင် ထောင့်ကွေးနဲ့ ဘောင်ကွေးပုံစံက ကျစ်လျစ်မှုရှိပေမယ့် မြင်နေကျပုံစံမျိုးထက် ထူးပြီး ဆွဲဆောင်နိုင်တဲ့ ဒီဇိုင်းတော့မဟုတ်ပါဘူး။ ကိုင်ချင်စဖွယ်ပုံစံဖြစ်သလို သေးငယ်တဲ့ screen အောက်ဘက်ဘောင်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာ ရေစက်ကျပုံစံ notch ပါဝင်ပြီး ညာဘက်ဘောင်ထဲမှာတော့ အသံတိုးကျယ်နဲ့ ပါဝါခလုတ်ကို တပ်ဆင်ထားပါတယ်။ SIM ကတ်ပေါက်နဲ့ IR စနစ်ကို ဖုန်းရဲ့ ထိပ်ဘက်ဘောင်ထဲမှာရှိမှာဖြစ်ပြီး ဘောက်ဘက်ဘောင်ထဲမှာတော့ နားကြပ်ပေါက်၊ အားသွင်းပေါက်နဲ့ စတူဒီယိုစပီကာတစ်လုံးကို ရှိမှာဖြစ်ပါတယ်။ ကျောဘက် ကင်မရာရဲ့ ညာဘက်ကပ်လျက်နားမှာ flash မီး လေးခုကို ထည့်သွင်းထားပြီး လက်ဗွေစနစ်ကတော့ ဖုန်းရဲ့ မြင်ကွင်းထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၄၇ လက်မရှိတဲ့ Full HD+ AMOLED panel မျက်နှာပြင်က ရုပ်ထွက်အရည်အသွေး 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ Touch panel ပါဝင်မှု screen-to-body ratio က ၈၁.၇ ရာခိုင်နှုန်းရှိပြီး မျက်နှာပြင်အပြည့်ကို Gorilla Glass 5 နဲ့ အုပ်ထားပါတယ်။ ၂၀၈ ဂရမ် အလေးချိန်က ၆ လက်မခွဲ အရွယ်အစား မြင်ကွင်းကျယ်ဖုန်း အတွက် ကိုင်ရတာ လေးတယ်လို့မခံစားရသလို ဖုန်းကိုယ်ထည်က လက်တစ်ဖတ်တည်းနဲ့ ကိုင်တွယ်အသုံးပြုနိုင်တာကလည်း ကျေနပ်စရာပါ။ သူ့မှာထည့်သွင်းထားတဲ့ In-display လက်ဗွေစနစ်ကလည်း မြန်ဆန်မှုရှိတယ်ဆိုရမှာပါ။

ကင်မရာ

• Standard: 108MP, f/1.69, OIS • 2x Telephoto: 12MP, f/2.0
• 5x Telephoto: 5MP, f/2.0, OIS • Ultra-wide: 20MP, f/2.2, 117-degree FoV
• Macro: 2MP, f/2.4 • Teardrop selfie camera: 32MP, f/2.0

Mi Note 10 ရဲ့ ကျောဘက်မှာ ကင်မရာစုစုပေါင်း ၅ လုံးပါဝင်ပြီး ရှေ့မှာတော့ ၁ လုံးတပ်ဆင်ထားပါတယ်။ 48MP Sony IMX586 sensor နဲ့အရွယ်အစားသိပ်မကွာတဲ့ 108MP sensor ကင်မရာပါဝင်ပြီး ကင်မရာစနစ်အတွက် pixel binning နည်းပညာထောက်ပံ့ပါဝင်တဲ့အပြင် AI hybrid imaging နည်းပညာပါဝင်တဲ့အတွက် ဒီဂျစ်တယ် Zoom ကို Huawei P30 Pro ကဲ့သို့ 50x ထိ ဆွဲယူရိုက်ကူးမှာဖြစ်ပါတယ်။ 12MP telephoto ကင်မရာနှစ်လုံး တပ်ဆင်ထားပေမယ့် အဲဒီကင်မရာတွေမှာ OIS နည်းပညာတော့ မထည့်သွင်းထားပါဘူး။ Xiaomi က Optical Zoom ကို 5x ထိ ဆွဲယူရိုက်ကူးနိုင်မှာဖြစ်တယ်လို့ ကြေငြာထားပေမယ့် P30 Pro မှာ ရိုက်ကူးနိုင်တဲ့ 5X optical zoom လောက်တော့ သဘာဝကျကျ ရိုက်ကူးနိုင်မှာ မဟုတ်ပါဘူး။ အလင်းရောင် ကောင်းမွန်တဲ့ အနေအထားမျိုးမှာတော့ ဓာတ်ပုံရဲ့ ရုပ်ထွက်ကာလာပိုင်း အဆင်ပြေလှကောင်းမွန်လှပေမယ့် အလင်းအားနည်းတဲ့ အခြေအမျိုးမှာတော့ အနည်းငယ် ကြည်လင်ပြတ်သားမှုပိုင်း အားနည်းနေသေးတယ်လို့ မြင်ပါတယ်။ အထူးသဖြင့် 108MP mode မှာ ပိုသိသာတယ်လို့ ဆိုရမှာပါ။ Micro ကင်မရာကလည်း ကျေနပ်စရာကောင်းလှသလို ရှေ့ဘက် 32MP အမျိုးအစားနဲ့ ရိုက်ကူးတဲ့ selfie ပုံတွေကလည်း ကျေနပ်စရာကောင်းတယ်လို့ ဆိုရမှာပါ။

ဘက်ထရီ

• 5,260mAh • 30W charging
• No wireless charging • USB-C

ဒီဖုန်းမှာ 5240mAh ပမာဏ ဘက်ထရီကို ထည့်သွင်းထားတဲ့အပြင် ပါဝါသုံးစွဲမှုကောင်းမွန်တဲ့ Snapdragon 730G CPU ပါပါဝင်တဲ့အတွက် ပုံမှန်တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအတွက် ဖုန်းအဆက်မပြတ် တောက်လျှောက် အသုံးပြုမှုကို ၇ နာရီခွဲလောက်အသုံးပြုနိုင်မှာဖြစ်ပြီး ကြာချိန်က ၅ နာရီခွဲလောက်သာ အသုံးပြုနိင်တဲ့ OnePlus 7T ထက် ပိုကြာတယ်လို့ဆိုရမှာပါ။ အားသွင်းခေါင်းကတော့ 30W အမျိုးအစားကို ထည့်သွင်းပေးထားတာဖြစ်ပြီး ဖုန်းကို အားအပြည့်သွင်းဖို့ ၁ နာရီဝန်းကျင်လောက်ပဲ ကြာမြင့်မှာဖြစ်ပါတယ်။

သုံးသပ်ချက်

Xiaomi Mi Note 10 က ပထမဆုံး 108MP ကင်မရာတပ်ဆင်ထားတဲ့ Xiaomi ရဲ့ တီထွင်ဖန်တီးမှု အသစ်ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ ကင်မရာစွမ်းဆောင်ရည်က ကောင်းမွန်ပေမယ့် megapixels များတာက ဖုန်းရဲ့ ကင်မရာစွမ်းဆောင်ရည်ပေါ် မမူတည်တာကိုလည်း သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အလင်းရောင်အဆင်ပြေကောင်းမွန်တဲ့ ပတ်ဝန်းကျင်အခြေအနေမှာ 27MP mode နဲ့ အသုံးပြုရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက 108MP mode နဲ့ရိုက်ထားတာထက် ပိုကောင်းသလို ညပိုင်းရိုက်ကူးမှုမှာလည်း ပိုပြီး သိသိသာသာ ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းတစ်လုံးလုံးကို ခြုံပြီး သုံးသပ်ရမယ်ဆိုရင်တော့ Xiaomi Mi Note 10 မှာက သုံးစွဲသူတွေကို အထူးဆွဲဆောင်နိုင်တဲ့ အချက်တွေများစွာဖြစ်တဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာသုံးနိုင်တာ၊ ကင်မရာပိုင်းကောင်းမွန်တာ၊ နားကြပ်ပေါက်နဲ့ IR စနစ်တွေ ပါဝင်တာတွေက ပေးရတဲ့ ဈေးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ သုံးရတာ တန်တယ်လို့ ခံစားရမှာဖြစ်ပါတယ်။

Display
Performance
Camera
Battery
Hand on
Over all

-ရဲထွဋ်ဝင်း